• Follow Us on

Home ကျောက်တံခါးမြို့တွင် PDF များဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ အသက် (၆) နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် (၄) ဦး ဒဏ်ရာရ

ကျောက်တံခါးမြို့တွင် PDF များဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ အသက် (၆) နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် (၄) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ ဘာဘူကုန်းကျေးရွာတွင်နေသည့်နေအိမ်ရှေ့သို့ PDF များပစ်ချသည့် ဒရုန်းမှာကျရောက်ပေါက်ကွဲ၍ အသက် (၆) နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် (၄) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၈ ရက် နံနက် ၈ နာရီကျော်တွင် ကျောက်တံခါးမြိုနယ်ပြည်သူ့ဆေးရုံ၌ ဗုံးစထိမှန်၍ဒဏ်ရာ ရရှိသည့် ပြည်သူများဆေးရုံတတ်နေကြောင်း တာဝန်ရှိသူများမှ သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာရရှိသူများမှာ ဘာဘူကုန်းကျေးရွာတွင်နေသည့် အသက်(၆) နှစ်အရွယ် မောင်ထိန်လင်းမှာ ဘယ် ဘက်ခြေဖဝါးအောက်စုတ်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ အသက်(၃၅) နှစ်အရွယ် မဒေဝန်သီးမှာ မျက်နှာ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ရင်အုံပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ပေါင်နှင့်ညာ ဘက်ပေါင်တို့တွင် ပေါက်ပြဲဒဏ်ရာ (၂) ချက်၊ ဘယ်ဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာ (၁) ချက် (မစိုးရိမ်ရ)၊ အသက်(၄၀)နှစ် အရွယ် မသေသရီးမှာ ညာဘက်ပေါင်ပေါက်ပြဲဒဏ်ရာ (၁) ချက် (မစိုးရိမ်ရ) ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူပြီးခဲ့သည့် လပိုင်းကလည်း ကျောက်တံခါးမြို့တွင် PDF များမှဒရုန်းဖြင့်ပစ်ချတိုက်ခိုက်ရာ ပြည်သူများသေဆုံးသူများလည်းရှိသလို၊ ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post