ကျောက်တံခါးမြို့နယ်တွင် လူစီးရထားအား အကြမ်းဖက်သမားများမှ မိုင်းထောင်ဖောက်ခွဲ
PUBLISHED - December 13, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၃
ကျောက်တံခါးမြို့ အရှေ့တောင်ဘက်ရှိ ရထားလမ်း မိုင်တိုင်အမှတ် (၁၀၃/၂၄) နှင့် (၄၀၁/၁) ကြားတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန်က လူစီးရထားအား အကြမ်းဖက်သမားမှ မိုင်ထောင်ဖောက်ခွဲခဲ့ကြောင်း သိရ သည်။
မန္တလေးမှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော စက်ခေါင်းအမှတ်၊ DF/2083 လူစီးရထားသည် ယနေ့ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်တံခါးမြို့၏ အရှေ့တောင်ဘက် မီတာ ၇၅၀၀ ခန့်အကွာ ရထားလမ်း မိုင်တိုင် အမှတ် (၁၀၃/၂၄) နှင့် (၄၀၁/၁) ကြားသို့အရောက်တွင် အကြမ်းဖက်သမားများက ရထားသံလမ်းအား မိုင်း များဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမား မိုင်ထောင် ဖောက်ခွဲဖျက်ဆီးမှုကြောင့် လူထိခိုက်မှုမရှိဘဲ မီးရထားစက်ခေါင်းတွဲသည် လမ်း၏ ညာဘက်သို့ ၃၀ ဒီဂရီခန့်နှင့် ရထားတွဲ အမှတ်(၂/၃)သည် လမ်း၏ ညာဘက်သို့ ၁၅ ဒီဂရီခန့် လမ်း ချော်ခဲ့ပြီး ရထားသံလမ်း ဘယ်၊ ညာ ၁၈ ပေခန့်နှင့် ဇလီဖားတုံး ၂၀ ခန့် ပြတ်တောက်ပျက်စီးခဲ့ကြောင်း သိရ သည်။
#PeopleMedia