• Follow Us on
Latest News

Home ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအတွင်းသို့ KNU/PDF က Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်ခဲ့ သဖြင့် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဗုံးသီးစထိမှန်ဒဏ်ရာများရ

ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအတွင်းသို့ KNU/PDF က Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်ခဲ့ သဖြင့် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဗုံးသီးစထိမှန်ဒဏ်ရာများရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြိုနယ်၊ ကညင်ကျိုးကျေးရွာအတွင်းသို့ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်က KNU/PDF က Drone ယာဉ်ဖြင့် ဗုံးပစ်ချတိုက်ခိုက်ခဲ့သဖြင့် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ကညင်ကျိုးကျေးရွာအတွင်းသို့ KNU/PDF အဖွဲ့များက Droneယာဉ်ဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါ ကျေးရွာနေ ဒေါ်ဆန်းဌေး၏ နေအိမ်ခြံစည်းရိုးအနီးသို့ ဗုံး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှု ကြောင့် ဒေါ်ဆန်းဌေး ၆၅ နှစ်၊ ဒေါ်ပြုံးပြုံးရီ ၄၇ နှစ်နှင့် မမေမြတ်နိုး ၄ နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

 

#PeopleMedia


Share this post