• Follow Us on

Home ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းကျေးရွာအတွင်းသို့ PDF မှ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၆) နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းကျေးရွာအတွင်းသို့ PDF မှ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၆) နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဘာဘူကုန်းကျေးရွာအတွင်းသို့ ယမန်နေ့တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ၏မြောက်ဘက် သုံးမိုင်ခန့်အကွာ အမြင့် မီတာ ၅၀၀ ခန့်မှနေ၍ Drop Bomb ဖြင့် ၂ ကြိမ် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါ ကျေးရွာနေ အပြစ်မဲ့ပြည်သူ အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၄ ဦးတို့အား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိအောင်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများ၏ ရက်စက် ယုတ်မာသောလုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လက်မခံနိုင်ဘဲ ကန့်ကွက်ရှုတ်ချလျှက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post