• Follow Us on

Home ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာအနီးရှိ လျှပ်စစ်တာဝါတိုင်အား KNU/PDF က မိုင်းထောင်ဖောက်ခွဲ

ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာအနီးရှိ လျှပ်စစ်တာဝါတိုင်အား KNU/PDF က မိုင်းထောင်ဖောက်ခွဲ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သဲဖြူရွာသစ်ကျေးရွာအနီး တောင်ငူ-သာယာကုန်း သို့ သွယ်တန်းထားသည့် 230 KV ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင် အမှတ် (၂၂၃) အား အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၃ နာရီအချိန်၌ KNU/PDF အဖွဲ့များက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရ သည်။

 

ဖောက်ခွဲမှုကြောင့် အဆိုပါ တာဝါတိုင်မှာ အနည်းငယ်တိမ်းစောင်းခဲ့ပြီး လျှပ်စစ်တာဝါတိုင်အမှတ် (၂၂၂) အောက်ခြေတိုင် ၃ ခု၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၃  လုံးအား တပ်ဆင်ထားပြီး ဖောက်ခွဲရန် ပြုလုပ်ထားသည်ကို ထပ်မံတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သိရသည်။

 

အဆိုပါလျှပ်စစ်တာဝါတိုင်များမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က KNU အဖွဲ့နှင့် PDF အကြမ်းဖက်သ မားများ မိုင်းထောင်ဖောက်ခွဲ၍ ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ထားသည့် လျှပ်စစ်တာဝါတိုင်များဖြစ်ကြောင်း သိရသည်။

 

Photo – ပုံဟောင်း

 

#PeopleMedia


Share this post