• Follow Us on
Latest News

Home ကျောက်တံခါးမြို့နယ် သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြားရှိ ရထားလမ်းအား PDF က ထပ်မံ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ကျောက်တံခါးမြို့နယ် သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြားရှိ ရထားလမ်းအား PDF က ထပ်မံ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ်၊    ၁၀၄/ဝ-၁ ကြား တံတားအမှတ် (၁၄၆) နှင့် (၁၄၇) အနီးရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ထပ်မံကျူးလွန်ခဲ့ကြောင်း သိရသည်။

 

မြန်မာ့မီးရထားအနေဖြင့် အများပြည်သူ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များဖြစ်သည့် သီတင်းကျွတ်ပွဲတော် ကာလအတွင်း ရထားစီး ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-ပုဂံ အထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

မြန်မာ့မီးရထားအနေဖြင့် နေ့စဉ်လူစီးရထားများ၊ ကုန်ရထားများကို ပုံမှန်ပြေးဆွဲလျက်ရှိရာတွင် အောက်တို ဘာလ ၂၄ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးရထား လမ်းပိုင်း၊ ကျောက်တံခါးမြို့နယ် သူဌေး ကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာ အကြား မိုင်တိုင်အမှတ်၊ ၁၀၄/ဝ-၁ ကြား တံတား အမှတ်၊ ၁၄၆ နှင့် ၁၄၇ အနီး၌ ရထားလမ်းများ အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးမှုကို ထပ်မံကျူးလွန်ခဲ့ သဖြင့် ရထားပြေးဆွဲနေသော အဆန်ရထားလမ်းနှင့် ပြန်လည်အဆင့်မြှင့်တည်ဆောက်နေသော အစုန်ရထား လမ်းတို့တွင် တပ်ဆင်ထားသည့် သံလမ်းသစ်များ ၁ ပေခွဲစီခန့် ပြတ်တောက်၍ ၄ ပေစီခန့် ကွေးကောက်ပျက်စီး ခြင်းနှင့် ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပျက်စီးမှုကြောင့် အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းတွင် မန္တလေးမှ ရန်ကုန်သို့ ပုံမှန်ထွက်ခွာလာ သော အမှတ်(၆) အစုန်အမြန်ရထားသည် အောက်တိုဘာလ ၂၅ ရက် နံနက် ၃ နာရီခန့်တွင် ပဲခူးတိုင်းဒေသ ကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဘူတာတွင်လည်းကောင်း၊ အမှတ်(၄)အစုန် ရထားသည် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် ကညွတ်ကွင်းဘူတာတွင်လည်းကောင်း ခေတ္တရပ်နားထားခဲ့ရသည်။ ထို့အတူ ရွာသာကြီး-မြစ်ငယ်-ရွာသာကြီး ခရီးစဉ်ပြေးဆွဲလျက်ရှိသည့် ကုန်သေတ္တာရထား (၂) စင်းတို့သည်လည်း  ပြွန်တန်ဆာ ဘူတာနှင့် အိမ်ခြေလေးဆယ်ဘူတာတို့၌ ခေတ္တရပ်နားထားခဲ့ရသည်။

 

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တပြေးညီ သွား ရောက်စစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပြီးစီးခဲ့သဖြင့် ခေတ္တရပ်နားထားရသော ရထား များပုံမှန် ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

ဤသို့ ရထားလမ်းဖျက်ဆီးခံရသဖြင့် မိုင်းရှင်းလင်းခြင်း၊ ပြန်လည်မွမ်းမံပြင်ဆင်ရခြင်းတို့ကြောင့် လူစီးအမြန်ရ ထား (၂) စင်းတို့မှ ခရီးသည် ၁၂၂၀ ဦးခန့်နှင့် ကုန်ရထားခရီးစဉ်များ လမ်းခရီး၌ ကြန့်ကြာမှုနှင့် အခက်အခဲများ ကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

 

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ တွေ့ရှိခြင်း (၁၂၈) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၅) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

 

#PeopleMedia


Share this post