• Follow Us on
Latest News

Home ကျောက်တံခါးမြို့ရှိ လျှပ်စစ်ဓာတ်အားလိုင်း (၂) တိုင်ကို KNU/PDF များမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ကျောက်တံခါးမြို့ရှိ လျှပ်စစ်ဓာတ်အားလိုင်း (၂) တိုင်ကို KNU/PDF များမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ သြဂုတ် ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ တောင်ငူ-သာယာကုန်းအား သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်း (၂) တိုင်ကို KNU/PDF များမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွား ကြောင်း သိရသည်။

 

သြဂုတ်လ ၂၁ ရက် ည ၉ နာရီအချိန်ခန့်တွင် ပဲနွယ်ကုန်းမြို့၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ သဲဖြူရွာသစ်ကျေးရွာ အနီးတွင်ရှိသည့် 230 KV တောင်ငူ-သာယာကုန်း အားသွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၂၂၂) နှင့် (၂၂၃) တို့ကို KNU/PDF များမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ သြဂုတ်လ ၉ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-သာယာကုန်းသို့ သွယ် တန်းထားသည့် 230 KV မဟာဓာတ်အားလိုင်းကို KNU/PDF များမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post