ကျောက်တံတားမြို့ရှိ မီးပွိုင့်တွင် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

PUBLISHED - March 15, 2025
နေပြည်တော်၊ မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းမကြီးထောင့်ရှိ မီးပွိုင့်ထိပ်တွင် ယာဉ်နှစ်စီးအရှိန်လွန်၍ မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၁၄ ရက် ည ၉ နာရီကျော်တွင် ယာဉ်နှစ်စီးတိုက်မိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြို့ခံလူမှုကူညီရေးအသင်းမှ ဒဏ်ရာရရှိသည့် အမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက် ကြောင်းသိရသည်။
“ကားတွေက မျက်နှာချင်းဆိုင်တိုက်တာ။ အမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာရတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးစလုံးပျက်စီးသွားပြီး၊ ယင်းဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia