• Follow Us on
Latest News

Home ကျောက်ပန်းတောင်းမြို့နယ်တွင် အုပ်စုအုပ်ချုပ်ရေးမှူး နှစ်ဦးကို PDF တွေ သတ်ဖြတ်

ကျောက်ပန်းတောင်းမြို့နယ်တွင် အုပ်စုအုပ်ချုပ်ရေးမှူး နှစ်ဦးကို PDF တွေ သတ်ဖြတ်

Share this post

နေပြည်တော်၊ ဇူလိုင် ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင်ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် အုံ့မှုံးရိုးကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ဇူလိုင်လ (၇)ရက် ည (၁၀)နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင်ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာတွင် နေထိုင်သည့် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းသည် နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၅)ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးစိုးဝင်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစိုးဝင်းတွင် ယာ-နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ဘတ် ကျည်ဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်တို့ဖြင့် အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

ယင်းနောက်တွင် ဇူလိုင်လ (၉)ရက် နံနက် (၁၀)နာရီ (၄၀)မိနစ်အချိန်က ကျောက်ပန်းတောင်းမြို့နယ်၊ အုံ့မှုံးရိုးကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး ဦးစံအေးသည် ကျေးရွာ၏ အရှေ့ဘက် (၃)ဖာလုံခန့်အကွာရှိ ယာခင်းထဲတွင် ထွန်ယက်နေစဉ် PDF အဖွဲ့ဝင် (၅)ဦးသည် ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

PDF အဖွဲ့ဝင်များ၏ သေနတ်ဖြင်ပစ်ခတ်မှုကြောင့် ဦးစံအေးတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post