• Follow Us on

Home ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာသို့ PDF က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာသို့ PDF က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၅

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ရောက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် မြင်းခြံကုန်းကျေးရွာနေ ဒေါ်စန်းရွှေ (၅၅)နှစ်နှင့် ၎င်း၏တူဖြစ်သူ မောင်သူရိန်မိုးဇက် (၉) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲ ရပ်ကွက်နှင့် အမရဌာနီအနောက်ရပ်ကွက်များ အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဦးကိုကိုနိုင် (၃၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး လူနေအိမ် နှစ်လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post