• Follow Us on

Home ကျောက်ပန်းတောင်းမြို့နယ် ဒေါင်းလည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို စစ်သွေးကြွတွေ ဖမ်းဆီးပြီး သတ်ဖြတ်သွား

ကျောက်ပန်းတောင်းမြို့နယ် ဒေါင်းလည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို စစ်သွေးကြွတွေ ဖမ်းဆီးပြီး သတ်ဖြတ်သွား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဒေါင်းလည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

နိုဝင်ဘာလ (၁၁)ရက် ည (၇)နာရီခွဲအချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဒေါင်းလည်ကျေးရွာအုပ်စု၊ ကုန်းပေါ်နက်ကျေးရွာ အတွင်းသို့ ဆိုင်ကယ် (၂)စီးဖြင့် စစ်သွေးကြွ PDF အဖွဲ့ဝင် (၅)ဦး ရောက်ရှိလာပြီး သေနတ်များ ပစ်ဖောက်ကာ ကျေးရွာအတွင်း နေထိုင်သည့် အသက် (၅၀)နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

ယင်းနောက် ကုန်းပေါ်နက်ကျေးရွာ၏ မြောက်ဘက်သို့အရောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဦးအောင်စိုးအား ဓားဖြင့် ရက်ရက်စက်စက်ထိုးခုတ်ကာ သတ်ဖြတ်သွားသဖြင့် ဦးအောင်စိုးသည် အခင်း ဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post