• Follow Us on
Latest News

Home ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုး

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက် တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ‌ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အထူး စီးပွားရေးဇုန် အသီးသီး၏ စီမံခန့်ခွဲမှုကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ CITIC Group မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင် တည်ရှိပြီး အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမားသည့်နေရာတစ်ခု ဖြစ် ကြောင်း၊  ယခုကဲ့သို့ တန်ဖိုးရှိပြီး စီးပွားရေးအခွင့်အလမ်းများစွာ ရှိနေခြင်းကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်အနေဖြင့်  ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်တစ်ခုထူထောင်ရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားစွာဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်စေမည့် စီမံကိန်းကြီးတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ စီမံကိန်း အတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သောသဘောတူစာချုပ် (Shareholders’ Agreement) နှင့် လုပ်ငန်းလုပ် ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) များကို ၂၀၂၀ ပြည့်နှစ်ကတည်းက ချုပ်ဆိုနိုင်ခဲ့ ပါကြောင်း ပြောသည်။

 

သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ကိုဗစ်-၁၉ ရောဂါပျံနှံ့ခဲ့ခြင်း၊ မြန်မာဘက်က ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် CITIC ဘက် နှစ်ဘက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက် နေရခြင်းတို့ကြောင့် စီမံကိန်း စတင်အကောင် အထည်ဖော်နိုင်ရေး ၂ နှစ်ကျော် နှောင့်နှေးနေခဲ့သည်ကို တွေ့ ရကြောင်း၊ ယခုအခါ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန် ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) အား ပိုမိုပြည့်စုံစေ ရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သည့်အတွက် နောက်ဆက်တွဲစာချုပ် (Addendum) ကို ယနေ့မှာ သဘောတူလက်မှတ်ရေးထိုးရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

 

ယင်းနောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော် ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက် ဒါရိုက်တာ၊ Mr. Liang Chuanxin တို့က လက်မှတ်ရေးထိုးကြသည်။

 

#PeopleMedia


Share this post