• Follow Us on

Home ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းရှိ ဝန်ထမ်းများအားလုံး တိမ်းရှောင်

ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းရှိ ဝန်ထမ်းများအားလုံး တိမ်းရှောင်

Share this post

နေပြည်တော်၊ ဇွန် ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၏ တောင်ဘက် မိုင် (၂၀)ခန့်အကွာ မြစ်ငယ်မြစ်ပေါ်ရှိ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ဝန်ထမ်းများအားလုံး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

 

ရေအားလျှပ်စစ်စီမံကိန်းရှိ ဝန်ထမ်းများသည် ဇွန်လ (၂၅)ရက်မှ စတင်ကာ စီမံကိန်း၏ ဧရိယာမှ လုံခြုံရေးအရ ထွက်ခွာခဲ့ရသည်။စီမံကိန်းသည် (၅၃)ရာခိုင်နှုန်း ပြီးစီးပြီး ၂၀၂၅ ခုနှစ်၌ ဓါတ်အားရရှိရန် သက်ဆိုင်ရာ ဝန်ကြီး ဌာနက ရည်မှန်းခဲ့သည်။

 

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ အဓိက ရေအားအဆောက်အအုံများတွင် အချင်း (၄၁)ပေရှိ သံကူ ကွန်ကရစ်ရေသွယ် ဥမင်လိုဏ်နှစ်လုံးပါဝင်ပြီး တမံ၏ဝဲဘက်ကမ်းပေါ်တွင် တည်ရှိကာ စက်တစ်လုံးလျှင် တပ်ဆင်စက်အင်အား မဂ္ဂါဝပ် (၇၀)ရှိသည့် စက်လေးလုံးတပ်ဆင်မည်ဖြစ်ပြီး စုစုပေါင်းတပ်ဆင်စက်အင်အားမှာ မဂ္ဂါဝပ် (၂၈၀)ရှိသည်။

 

အဆိုပါ စီမံကိန်းပြီးစီးပါက ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်မှ တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး လူဦးရေ(၃ ဒသမ ၇)သန်းနှင့် နိုင်ငံ့လူဦးရေ စုစုပေါင်း၏ (၆ ဒသမ ၆)ရာခိုင်နှုန်းအား လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post