ကျောင်းထိုင်ဆရာတော်မှ အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်

PUBLISHED - August 8, 2023
နေပြည်တော်၊ သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သားပေါင်းမြို့၊ လှေကြီးတက်ကျေးရွာအုပ်စု၊ သဲဖြူကုန်းကျေးရွာရှိ ဇောတိကရုံကျောင်းတိုက်မှ ကျောင်းတိုင်ဆရာတော်မှ အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
မကြာသေးမီလပိုင်းက ဇောတိကရုံကျောင်းတိုက်သို့ မီးအားသွားသွင်းသည့် မိန်းကလေးငယ်ကို ကျောင်း ထိုင်ဆရာတော်မှ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုအမျိုးသမီးငယ်၏ မိဘများမှာ သမီးဖြစ်သူကို စစ်ဆေးရာတွင် ကိုယ်ဝန်ရှိနေကြောင်း ထိုကိုယ်ဝန်မှာ မည်သူမှပြုလုပ်ခဲ့ကြောင်း မေးရာတွင် ကျောင်းထိုင်ဆရာတော်မှ ပြု ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော် ဦးခေမာ(ခ)ကျော်ဝင်းကို တာဝန်ရှိသူများမှ လူဝတ်လဲခိုင်ပြီး ဖမ်းဆီးစစ်ဆေးသွားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
Photo – Credit
#PeopleMedia