ကျောင်းဝရံတာရှိ ထိုင်ခုံတွင် ထိုင်နေသည့် ကျောင်းထိုင်ဆရာတော်တစ်ပါး သေနတ်ပစ်ခတ်ခံရ
PUBLISHED - August 3, 2023
နေပြည်တော်၊ သြဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက် (ဒေသအခေါ်-အနောက်ဘက်ရွာ) ရှိ “သုခိတာရာမကျောင်းတိုက်” ရှိ ကျောင်းထိုင်ဆရာတော်တစ်ပါး ကျောင်းဝရံတာရှိ ထိုင်ခုံ၌ ထိုင်နေစဉ် PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
သြဂုတ်လ ၃ ရက် နေ့လည် ၁၂ နာရီအချိန်တွင် PDF (၃၅) ဦးခန့်မှ ထီးလင်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ (ဒေသအခေါ်-အနောက်ဘက်ရွာ)ရှိ “သုခိတာရာမကျောင်းတိုက်” သို့ ရောက်ရှိလာပြီး ကျောင်းဝရံတာရှိ ထိုင်ခုံတွင် ထိုင်နေသည့် ကျောင်းထိုင်ဆရာတော်တစ်ပါးကို PDF များမှ ဆရာတော်၏ နဖူးတည့်တည့်ကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။
ထိုသေနတ်ပစ်ခတ်ခံရသည့် ဦးဝိစိတ္တသာရမှာ သက်တော် (၄၂) နှစ်ရှိပြီး ဝါတော် (၂၃) ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့၊ ကွင်းကျယ်ကျေးရွာအုပ်စုရှိ “နတ်ရုပ်ကြီး ဘုန်းကြီး ကျောင်း” တွင် သတင်းသုံးနေသည့် ဦးဇင်းတစ်ပါးကို PDF များမှ လူဝတ်လဲခိုင်းပြီး သေနတ်ဖြင့်ပစ်ခတ်သွား သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
Photo – Credit
#PeopleMedia