• Follow Us on
Latest News

Home ကျွန်းလှမြို့တွင် ကုန်ဈေးများရောင်းချသည့် အမျိုးသားတစ်ဦး မိုင်းစထိမှန်၍ ဒဏ်ရာရ

ကျွန်းလှမြို့တွင် ကုန်ဈေးများရောင်းချသည့် အမျိုးသားတစ်ဦး မိုင်းစထိမှန်၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ကြာတကန်ကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ်ဖြင့် ဈေးလှည့်လှည်ရောင်းနေရင်း အမျိုးသားတစ်ဦး မိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၇ ရက် နံနက် ၈:၃၀ အချိန်တွင် ကျွန်းလှမြို့တွင်နေသည့် အမျိုးသားတစ်ဦးမှာ ကျေးရွာများအား မော်တော်ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက်များကို လှည့်လည်ရောင်းချနေစဉ် ကြာတကန်ကျေးရွာအနီး၌ PDF များထောင်ထားသည့် လက်လုပ်မိုင်းမှာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုမိုင်းပေါက်ကွဲမှုကြောင့် အသက် (၃၂) နှစ်အရွယ် ဦးသိန်းထွန်းမှာ မိုင်းစထိမှန်သည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ မကြာသေးမီလပိုင်းကလည်း ကျွန်းလှမြို့ရှိ သစ်ရာမြိုင်ရပ်ကွက်တွင် နေထိုင်သည့် ကလေးတစ်ဦးအပါအဝင် (၃) ဦးမှာ ကုန်စိမ်းများ ရောင်းချပြီး ပြန်လာစဉ် ကြာတကန်ကျေးရွာအနီးတွင် PDF များထောင်ထားသည့် လက်လုပ်မိုင်းမှာ ပေါက်ကွဲ၍ ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post