ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်နှင့် ကပုတောကျေးရွာအနီးရှိ PDF စခန်းကို တပ်က လေကြောင်းဖြင့် ပစ်ခတ် ရှင်းလင်း
PUBLISHED - December 12, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ကျေးရွာနှင့် ကပုတောကျေးရွာအနီးရှိ PDF စခန်း များကို တပ်က လေကြောင်းဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၁) ရက် ည (၁၂) နာရီခန့်က လိပ်ဆင်းတောင်ကျေးရွာအနီးရှိ PDF စခန်းနှင့် ကပုတောကျေးရွာ အနီးရှိ PDF စခန်းများကို တပ်က လေကြောင်းဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ကျေးရွာနှင့် ကပုတောကျေးရွာများသည် သဖန်းဆိပ်ဆည်အနီးတွင် တည်ရှိ ပြီး ရေနံမှော်များ၊ ရွှေဖောင်များ တူးဖော်နေကြသည့် နေရာလည်းဖြစ်သည်။
#PeopleMedia