ကျွမ်းကျင်ပညာရှင်/ ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ကြီးအရေအတွက် သုံးနှစ်အတွင်း လျှော့ချသွားမည်

PUBLISHED - January 12, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂
ထိုင်းနိုင်ငံမှာ သုံးနှစ်အတွင်း ထိုင်းတပ်မတော် ဗိုလ်ချုပ်ကြီးအရေအတွက် ၂၀၀၀ ကနေ ၁၆၀၀ အထိ လျှော့ချ သွားနိုင်အောင်လို့ ဂုဏ်ထူးဆောင်ဗိုလ်ချုပ်ကြီးအဆင့်ရယူထားတဲ့ အထူးကျွမ်းကျင်ပညာရှင်တွေကို စောစီးစွာ အငြိမ်းစားယူရေး တိုက်တွန်းသွားဖို့ ကာကွယ်ရေးဝန်ကြီးဆုတင်ကလန်ဆန်းက ရည်ရွယ်ထားကြောင်း The Nation မီဒီယာမှာ ဖော်ပြထားပါတယ်။
သုံးနှစ်အတွင်း မလိုအပ်တဲ့ရာထူးနေရာတွေကို ၅၀% ကျော်အထိ လျှော့ချသွားပြီး ထိုင်းတပ်မတော်ရဲ့ ဖွဲ့စည်း ပုံကို ပိုမိုကောင်းမွန်လာအောင် ပုံဖော်သွားမယ့်မူဝါဒကို ဝန်ကြီးဆုတင်က အကောင်အထည်ဖော်သွားမှာဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဂျီရာယူဟောင်းဆတ်က ပြောပါတယ်။
လက်ရှိ ထိုင်းတပ်မတော်မှာ ဗိုလ်ချုပ်ကြီးအင်အား ၂၀၀၀ ဝန်းကျင်ရှိပြီး ဗိုလ်ချုပ်ကြီး ၁၃၀၀ ဝန်းကျင်ဟာ အုပ် ချုပ်ကွပ်ကဲမှုပေးရတဲ့ရာထူးအဆင့်တွေဖြစ်ပြီး ကျန်တဲ့ ဗိုလ်ချုပ်ကြီး ၇၀၀ ကတော့ ကျွမ်းကျင်ပညာရှင်/ ဂုဏ် ထူးဆောင်တွေအဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။
သုံးနှစ်အတွင်း ကျွမ်းကျင်ပညာရှင်/ ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ကြီးတွေ ၇၀၀ ထဲက ၃၀၀ ဝန်းကျင်လောက်ကို ကာကွယ်ရေးဝန်ကြီးဆုတင်က လျှော့ချချင်နေကြောင်း ဂျီရာယူက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဟာ ဗိုလ်ချုပ်အဆင့်အတွက် ကြားခံအကူးအပြောင်းအဆင့်ဖြစ်တဲ့ စီနီယာဗိုလ်မှူးကြီးအ ဆင့်တွေကိုလည်း ၅၇၀ အထိ လျှော့ချဖို့ စီစဉ်ထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
အင်အားလျှော့ချမှုကို သတ်မှတ်ကာလထက်စောစီးစွာအငြိမ်းစားယူရေးစီမံချက်ကတစ်ဆင့် ဆောင်ရွက်သွား မှာဖြစ်ပြီး အဲဒီအစီအစဉ်ကို အခုဏ္ဍာရေးနှစ်အတွင်း အစိုးရအဖွဲ့ခွင့်ပြုချက်ရဖို့ မတင်ပြခင် အမျိုးသားကာကွယ် ရေးကောင်စီကို တင်ပြသွားမှာဖြစ်ကြောင်း ဂျီရာယူက ပြောပါတယ်။
မိမိဆန္ဒအလျောက် စောစီးစွာအငြိမ်းစားယူရေးစီမံချက်အတိုင်း နုတ်ထွက်မယ့် ဗိုလ်ချုပ်ကြီးတိုင်းကို ၎င်းတို့ အ ဆင့်နဲ့ စစ်မှုထမ်းသက်ပေါ်မူတည်ပြီး ဘတ်ငွေ ၇၀၀,၀၀၀ လျော်ကြေးပေးသွားမှာဖြစ်ကြောင်း ၎င်းကပြောပါ တယ်။ စောစီးစွာအငြိမ်းစားယူရေးစီမံချက်ဟာ အုပ်ချုပ်ကွပ်ကဲမှုအပိုင်းနဲ့မဆိုင်တဲ့ (ကျွမ်းကျင်ပညာရှင်/ ဂုဏ်ထူး ဆောင်) ဗိုလ်ချုပ်ကြီးတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ဂျီရာယူက ပြောပါတယ်။
၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့တဲ့ စောစီးစွာအငြိမ်းစားယူရေးစီမံချက်အရ အဲဒီအချိန်က ထိုင်းတပ်မတော်အရာရှိ ၂၆၀၀၀ မိမိသဘောဆန္ဒအလျောက်နုတ်ထွက်ခဲ့တဲ့အတွက် အခုဆောင်ရွက်မယ့်စီမံ ချက်ကို စစ်ဗိုလ်ချုပ်ကြီးတွေက ကြိုဆိုလိမ့််မယ်လို့ ကျိန်းသေယုံကြည်ကြောင်း ၎င်းက ပြောပါတယ်။
Ref: Number of military generals holding ceremonial posts to be slashed in 3 years
#PeopleMedia