ကြည်းတပ် တပ်ဖွဲ့အားလုံးကို FPV ဒရုန်းတွေ တပ်ဆင်ပေးသွားဖို့ ချက်အစိုးရစီစဉ်နေ

PUBLISHED - May 23, 2024
နိုင်ငံတကာ၊ မေ ၂၃
ကင်းထောက်နဲ့ တိုက်ခိုက်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့အတွက် စစ်သည်တွေကို အသေးစား FPV ဒရုန်း (first-person view – ဗီယိုကင်မရာတပ်ဆင်ထားတဲ့အတွက် လေယာဉ်မှူးအခန်းထဲက မြင်နေရသလို မြင်ရ တဲ့ဒရုန်းမျိုး) တွေ တပ်ဆင်ပေးသွားဖို့ ချက်သမ္မတနိုင်ငံက စီစဉ်နေပါတယ်။
ဒရုန်းတွေကို ထိထိရောက်ရောက်အသုံးပြုနိုင်အောင် ချက်ကြည်းတပ်မှာ စတင်လေ့ကျင့်သင်ကြားပေးနေပြီဖြစ် တဲ့အတါက် သုံးနှစ်အတွင်းမှာ ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် တပ်ဖြန့်ချထားနိုင်တော့မှာဖြစ်ပါတယ်။
ဒရုန်းတွေနဲ့ ဒရုန်းကာကွယ်ရေးပစ္စည်းတွေ ယူကရိန်းကိုထောက်ပံ့ဖို့အတွက် အစီအစဉ်တစ်ရပ်ဆောင်ရွက်ရာ မှာ ယူကရိန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိပ်တန်းစစ်ခေါင်းဆောင်တွေကို တိုက်တွန်းလှုံ့ဆော်ခဲ့တဲ့ လက်ရှိ ရုရှား – ယူကရိန်းစစ်ပွဲကြောင့် အခုလို အစီအစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
“တပ်မတော်က အောက်ဆုံးအဆင့်စစ်သည်တွေအထိ situational awareness ရရှိဖို့အတွက် အထူးသဖြင့် အ ခုလို အသေးစားဒရုန်းတွေ ဝယ်ယူဖို့ ကျွန်မတို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေပါတယ်။” လို့ ကြည်းတပ်ပြောခွင့်ရ ပုဂ္ဂိုလ် မက်ဒါဒီဗိုးရာကိုဗာက အင်တာဗျူး iDNES နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ကြည်းတပ်အနေနဲ့ လက်ရှိ အထူးဒရုန်းတပ်ဖွဲ့တွေကို အားထားနေရတဲ့ပုံစံမျိုးနဲ့မတူဘဲ ကြည်းတပ် တပ်ရင်း/ တပ်ဖွဲ့အားလုံးမှာ ဒရုန်းတွေကို တပ်ဆင်ပေးသွားဖို့ ရည်ရွယ်ထားကြောင်း ဒီဗိုးရာကိုဗာက ပြောပါတယ်။
ယူကရိန်းကိုပို့မယ့်ဒရုန်းတွေကို နိုင်ငံတွင်းမှာ တပ်ဆင်တာဟာ နည်းပညာပေါင်းစပ်ထည့်သွင်းရာမှာ အတိုင်း အတာပမာဏကြီးကြီးမားမား အထောက်အကူပြုမယ့် လိုအပ်တဲ့သတင်းအချက်အလက်တွေကို ကြည်းတပ်က ရရှိအောင် အထောက်အကူပြုခဲ့ကြောင်း စစ်ဦးစီးဌာနအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ကာရယ်ရက်ခါက ပြော ပါတယ်။
အရင်တုန်းကတော့ ချက်ကြည်းတပ်ရဲ့ အမှတ် ၅၃၃ မောင်းသူမဲ့လေယာဉ်တပ်ရင်း၊ အမှတ် ၆၀၁ အထူးတပ်ဖွဲ့ နဲ့ အမှတ် ၄၃ လေကြောင်းချီတပ်ရင်းတို့မှာသာ FPV ဒရုန်းတွေကို တပ်ဆင်ထားတာဖြစ်ပါတယ်။
ယူကရိန်းတပ်တွေဟာ ရုရှားရေနံချက်စက်ရုံတွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ ဒရုန်းတွေကို အသုံးပြုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အခုနှစ်ထဲမှာ ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေကို ဒရုန်းတွေ သုံးဆတိုးမြှင့် တပ်ဆင်ထားခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref: Czech Republic Eyes Equipping Army with FPV Drones
#PeopleMedia