ကွမ်းခြံကုန်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ် ၄၀ မမ ဗုံးသီးဖြင့် အပစ်ခံရ၊ ထိခိုက်ဒဏ်ရာရရှိသူမရှိဟုဆို
PUBLISHED - December 27, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာရှိ စစ်ဆေးဂိတ်သည် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခံခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်အစောပိုင်းက ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာ တိုက်ကြီးလမ်းထိပ်ရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရခြင်းဖြစ်သည်။
“မနက်အစောပိုင်းကဖြစ်တာပါ အချိန်ကတော့ သိပ်မမှတ်မိတော့ဘူး။ ပေါက်ကွဲသံတစ်ချက်တော့ ကြားရတယ်။ အဲ့ဒါပြီးတော့ ပစ်ခတ်သံ ၄၊ ၅ ချက်လောက်ထွက်တာတော့ကြားရတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရ တာတို့ သေဆုံးတာတို့ ရှိတယ်လို့လည်း မကြားမိဘူးဗျ” ဟု အဆိုပါ ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တောင်ဥက္ကလာပရဲစခန်းအား ၄၀ မမဗုံးသီးဖြင့် အပစ်ခံရမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
#PeopleMedia #၄၀မမ# ကွမ်းခြံကုန်းမြို့နယ်
(unicode)
………………………………………………………