ကွမ်းခြံကုန်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

PUBLISHED - September 17, 2021
ပုသိမ်၊ စက်တင်ဘာ ၁၇ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာ၌ နေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသား တစ်ဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမြစိုးသည် ကွမ်းခြံကုန်းမြို့မှ တော်ကူးကျေးရွာသို့ ပြန်လာချိန်တွင် လမ်းခရီး၌ သေနတ်ဖြင့် ပစ်ခတ်ရ၍ သေဆုံးခဲ့သည်။
ဖြစ်စဉ်နေရာသို့ လုံခြုံရေးအဖွဲ့များက စစ်ဆေးနေကြောင်း ဒေသခံများက People Media သို့ပြောဆိုသည်။
နစကအစိုးရ တာဝန်ယူသည့် ၇ လအတွင်း၌ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်ထောက်ခံသူ ၂၅၀ ခန့် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်မှုပြုလုပ်ထားသည်။
#PeopleMedia#ကွမ်းခြံကုန်း
(unicode)
………………………………………………………….