ကွမ်းခြံကုန်းမြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံး လက်လုပ်ဗုံးဖြင့် အပစ်ခံရ

PUBLISHED - September 3, 2021
နေပြည်တော်၊ စက်တင်ဘာ ၃ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအား အမည်မသိ လူနှစ်ဦးက လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဆိုင်ကယ်စီးလာသူမှ ဗုံးဖြင့်ပစ်သဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမျှမရှိခဲ့ကြောင်း အဆိုကဲ့သို့ လက်ဗုံး၏ အပိုင်းအစများကိုလည်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
“ဆိုင်ကယ်နဲ့ ပစ်ပြီးတော့ တန်းပြေးသွားတာ လူတွေဘာတွေကတော့ ထိခိုက်ဒဏ်ရာရရှိတာကတော့ မရှိပါဘူး” ကွမ်းခြံကုန်းမြို့နယ် ကြံခိုင်ရေးပါတီရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
#PeopleMedia #USDP #ကွမ်းခြံကုန်းမြို့
(unicode)
………………………………………………………………