• Follow Us on
Latest News

Home ကြာအင်းဆိပ်ကြီးမြို့တွင် နေအိမ်အတွင်းသို့ PDF များ ဝင်ရောက်ပစ်ခတ်ရာ အသက် (၆၈) နှစ်အမျိုးသား တစ်ဦး သေဆုံးပြီး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ကြာအင်းဆိပ်ကြီးမြို့တွင် နေအိမ်အတွင်းသို့ PDF များ ဝင်ရောက်ပစ်ခတ်ရာ အသက် (၆၈) နှစ်အမျိုးသား တစ်ဦး သေဆုံးပြီး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၈

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ ကံ့ကော်လမ်းသွယ် (၃) လမ်းရှိ နေအိမ်တစ်လုံး သို့ PDF များဝင်ရောက်ပစ်ခတ်ရာ အသက် (၆၈) နှစ်အမျိုးသားတစ်ဦးသေဆုံးပြီး၊ ၎င်း၏ဇနီးဖြစ်သူ အမျိုးသမီး တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီကျော်တွင် PDF များမှ ဦးမြတ်ကျော်၏နေအိမ်အတွင်းသို့ ဝင်ရောက်လာပြီး နေအိမ်အတွင်းရှိနေသည့် ဦးမြတ်ကျော်နှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရ သည်။

 

သေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် အသက်(၆၈) နှစ်အရွယ် ဦးမြတ်ကျော်မှာ ညာဘက်လက် မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွှန့်အောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မေးစေ့ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး သေဆုံးသွားကြောင်း၊ ၎င်း၏ဇနီးဖြစ်သူ အသက်(၅၂) နှစ်အရွယ် ဒေါ်အေးမြင့်၏ ညာဘက်ပေါင်၌ ကျည်ရှပ်ဝင်ဒဏ်ရာ (၁) ချက်တို့ရရှိပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post