ကြာအင်းဆိပ်ကြီးမြို့ရှိ ခရိုင်ရဲမင်းကြီးအိမ်နှင့် ဇမိခန်းမကို KNU/PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးကြဲ
PUBLISHED - September 2, 2023
နေပြည်တော်၊ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ ခရိုင်ရဲမင်းကြီးအိမ်နှင့် ဇမိခန်းမကို KNU/PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၁) ရက် ည (၈) နာရီခန့်က ကြာအင်းဆိပ်ကြီးမြို့ရှိ ခရိုင်ရဲမင်းကြီးအိမ်သို့ KNU/PDF အဖွဲ့ ဝင်များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ယနေ့ စက်တင်ဘာလ (၂) ရက် နံနက် (၃) နာရီခန့်ကလည်း ဇမိခန်းမကို KNU/PDF အဖွဲ့ဝင်များ မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၉) ရက် ည (၁၁) နာရီခန့်ကလည်း KNU/PDF အဖွဲ့ဝင်များမှ ဇမိခန်းမကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး ဇမိခန်းမ အမိုး/သွပ် မျက်နှာကြက် ပေ ၃၀ ခန့် ပျက်ဆီးသွားခဲ့သည်။
#PeopleMedia