• Follow Us on

Home ကြို့ပင်ကောက်နှင့် ပုသိမ်ကြီးတို့တွင် PDF သတ်ဖြတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

ကြို့ပင်ကောက်နှင့် ပုသိမ်ကြီးတို့တွင် PDF သတ်ဖြတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၂၇

 

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တို့တွင် PDF အကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅ မိနစ် တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဦးသန်းထွန်းဆိုဒ်ကျေးရွာနေ ဦးမြင့်တင်(၆၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားခြောက်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ် ထိုးခုတ်သတ်ဖြတ်သွား ခဲ့သဖြင့် ဦးမြင့်တင်တွင် ကျည်ထိမှန်ဒဏ်ရာ/ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အလားတူ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဘန့်တင်ကျေးရွာနေ ဒေါ်အေးအေးအောင် (၄၂)နှစ်သည် ၎င်း၏နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ) က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post