• Follow Us on
Latest News

Home ကြို့ပင်ကောက်မြို့တွင် အုပ်စုဖွဲ့အရက်သောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ သေဆုံး

ကြို့ပင်ကောက်မြို့တွင် အုပ်စုဖွဲ့အရက်သောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ သိုးဘိုရွာနှင့် ဒေါင်းလူးကျေးရွာကြားရှိ လယ်ကွင်းပြင်တွင် အမျိုးသားများ အုပ်စုဖွဲ့အရက်သောက်ရင်း ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီကျော်တွင် တာဝန်ရှိသူများမှ မြတ်မွန်စေတနာကလျာဏမိတ္တ နာရေးကူညီမှုအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ရုပ်အလောင်းအားသယ်ဆောင်၍ ပြည်သူ့ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

“ရွာသားတွေပြောတာကတော့ ညကအရက်သောက်ပြီး ရန်ဖြစ်ရင်းစကားများတာတဲ့။ အဲ့မှာ ဓားထိုးခံရတာ” လို့ မြတ်မွန်စေတနာကလျာဏမိတ္တ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

ထိုဓားထိုးခံရမှုကြောင့် သေဆုံးသည့် အမျိုးသားမှာ အသက်(၃၀) ဝန်းကျင်ရှိပြီး ၎င်းမှာဒေါင်းလူးကျေးရွာတွင် နေထိုင်ကြောင်း၊ သတ်ဖြတ်သွားသူများကို စစ်ဆေးနေကြောင်းလည်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post