• Follow Us on
Latest News

Home ကြို့ပင်ကောက်မြို့တွင် မြန်မာ့သစ်လုပ်ငန်းဌာနမှ ဝန်ထမ်း (၅) ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်

ကြို့ပင်ကောက်မြို့တွင် မြန်မာ့သစ်လုပ်ငန်းဌာနမှ ဝန်ထမ်း (၅) ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြန်မာ့သစ်လုပ်ငန်းဌာနမှ ဝန်ထမ်း (၅) ဦးကို YOMA GBK PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ခင်းအချိန်တွင် ကွင်းချောင်းအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာတွင် မြန်မာ့သစ် လုပ်ငန်းဌာနမှ ဝန်ထမ်းများ စားသောက်နေစဉ်အတွင်း YOMA GBK PDF များရောက်ရှိလာပြီး ထိုဝန်ထမ်းများ ကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ကြောင်း သိရသည်။

 

ထိုသတ်ဖြတ်ခံရသည့် ဝန်ထမ်းများမှာ ကျော်ဆန်းဝင်း၊ ကျော်စွာဝင်း၊ ခင်ရင်၊ ဇော်ဝင်း၊ သက်နိုင်ထွန်းတို့ဖြစ်ပြီး ၎င်းတို့၏ မော်တော်ဆိုင်ကယ် (၃) စီး၊ ဝန်ထမ်းကတ် (၃) ခု၊ ဖုန်း (၅) လုံးတို့ PDF များမှ ယူဆောင်သွား ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post