ကြို့ပင်ကောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

PUBLISHED - September 21, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းကျေးရွာအထွက်၌ ယမန်နေ့ ညနေ ၄ နာရီကျော် အချိန်က အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကြည်စိုး ၆၄ နှစ်သည် မြို့တွင်းကျေးရွာမှ အလယ်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် မြို့တွင်းကျေးရွာအထွက်အရောက်၌ ဆိုက်ကယ်စီးနင်း လာသော PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးကြည်စိုးတွင် ချက်၏ အထက်ဝမ်းဗိုက်တွင် ဖောက်ဝင် ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
#PeopleMedia