ကျွန်းလှမြို့နယ်၌ အငြိမ်းစားကျန်းမာရေးမှူးနှင့် အငြိမ်းစားကျောင်းဆရာတို့ကို ဒေသခံလက်နက်ကိုင်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

PUBLISHED - February 5, 2022
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရွှေကျင်ကုန်းကျေးရွာတွင် နေထိုင်သည့် အငြိမ်းစားကျန်းမာရေး မှူးနှင့် အငြိမ်းစားကျောင်းဆရာတို့ ဖေဖော်ဝါရီ ၂ ရက်၊ ညနေပိုင်းက ဒေသခံလက်နက်ကိုင်အဖွဲ့က လုပ် ကြံသတ်ဖြတ်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်းတွင် ဒေသခံလက်နက်ကိုင်အဖွဲ့က ကျွန်းလှမြို့နယ်၊ ရွှေကျင်ကုန်း ကျေးရွာ၌ နေထိုင်သူများဖြစ်ကြသည့် အငြိမ်းစားကျန်းမာရေးမှူး ဦးမြင့်သိန်း (၅၃) နှစ်နှင့် အငြိမ်းစားကျောင်း ဆရာ ဦးညွန့်ဆွေ (၄၂) နှစ်တို့ နေအိမ်သို့ လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏ အနောက် တောင်ဘက် တောအတွင်း၌ သေနတ်များဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပါတယ်။
“ဒေသတူမီးအဖွဲ့က လာရောက်လုပ်ကြံသွားတာပါ။ ပင်စင်စားတွေပါ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိုသို့ ပစ်ခတ်ခံရခြင်းကြောင့် အငြိမ်းစားကျန်းမာရေးမှူးနှင့် အငြိမ်းစားကျောင်းဆရာတို့သည် ဦးခေါင်း၊ နား ထင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးခဲ့ပါတယ်။
#PeopleMedia #ကျွန်းလှမြို့
(unicode)
………………………………………………………