• Follow Us on

Home ကွန်ဂရက်ကို ဝင်စီးလို့ ထောင်ထဲရောက်နေတဲ့ ထောက်ခံသူ ၁၅၀၀ ကို ထရမ့် လွတ်ငြိမ်းချမ်းသာခွင့်ပေး

ကွန်ဂရက်ကို ဝင်စီးလို့ ထောင်ထဲရောက်နေတဲ့ ထောက်ခံသူ ၁၅၀၀ ကို ထရမ့် လွတ်ငြိမ်းချမ်းသာခွင့်ပေး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁

 

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ဝင်ရောက်စီးနင်းမှုနဲ့ ထောင်ထဲရောက်နေပြီး အမှုပေါင်းများစွာနဲ့ စွဲချက်တင်ခံထားရတဲ့ အကျဉ်းသား ၁၅၀၀ ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

 

အဲဒီပုဂ္ဂိုလ်တွေဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကြေညာမယ့် လွှတ်တော်အမတ်တွေကို တားဆီးဖို့ကြိုးစားနေ စဉ် ရဲတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့တဲ့သူတွေကို ထောက်ခံခဲ့တဲ့သူတွေဖြစ်သလို ကွန်ဂရက်လွှတ်တော်ကိုလည်း ဝင်ရောက်စီး နင်းခဲ့သူတွေဖြစ်ပါတယ်။

 

“သူတို့တွေ ဒီည လွတ်မြောက်လာမယ်လို့ မျှော်လင့်ပါတယ်။ လွတ်မြောက်လာဖို့အတွက် ကျွန်တော်တို့ မျှော်နေပါ တယ်။” လို့ မစ္စတာထရမ့်က ပြောပါတယ်။

 

အကျဉ်းသား ၆ ဦးကိုလည်း ၎င်းတို့ကျခံနေရတဲ့ ထောင်ဒဏ်တွေ လျှော့ပေးခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

 

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဒီမိုကရက် ဂျိုးဘိုင်ဒန်အနိုင်ရတာကို ကြေညာမယ့်လွှတ်တော်အမတ်တွေကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ အဲဒီအဓိကရုဏ်းမှာ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ထောင်ထဲရောက်နေပြီး ပြစ်မှုပေါင်းများစွာနဲ့ စွဲချက် တင်ခံနေရတဲ့ ထောက်ခံသူတွေကို အကူအညီပေးသွားမယ်ဆိုတဲ့ ရီပတ်ဘလီကန်ပါတီရဲ့ မဲဆွယ်ပွဲ ကတိအတိုင်း အခု လို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

အမှုသည်တစ်ဦး ဖက်ဒရယ်အကျဉ်းထောင်ထဲက ပြန်လည်လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း မာနရှင် လူကလေးများအုပ်စုဆိုတဲ့ လကျ်ာစွန်းအဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်းရဲ့ အန်ရီးကေ့တာရီယိုရဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

 

ဇန်နဝါရီ ၆ ရက်နေ့က ပြစ်မှုနဲ့ ထောင်ကျနေတဲ့ တချို့အကျဉ်းသားတွေလည်း လွတ်မြောက်နိုင်ပြီး မစ္စတာထရမ့်ထံက တရားဝင်အမိန့်ကို စောင့်နေကြောင်း အကျဉ်းဦးစီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

 

၂၀၂၁ ခုနှစ်က လူထုဆူပူအုံကြွအောင် လှုံ့ဆော်သွေးထိုးတဲ့ မိန့်ခွန်းတစ်ခုကို ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပြီးနောက် မှာ လူထောင်ပေါင်းများစွာ ကွန်ဂရက်လွှတ်တော်ကို ချီတက်လာကြပြီး အတားအဆီးတွေကို ချိုးဖျက်ဝင်ရောက်ကာ ရဲ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

 

လူပေါင်း ၁၆၀၀ ဝန်းကျင်ရှိတဲ့ အဲဒီလူအုပ်ကြီးကို တရားဥပဒေစနစ်က မမျှမတစီရင်ခဲ့တယ်လို့ မစ္စတာထရမ့်က ပြောဆို ခဲ့သလို အခု ဇန်နဝါရီ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာလည်း အဲဒီလူအုပ်ကြီးကို “ဓားစာခံတွေ” လို့ ပြောဆိုခဲ့ပါ တယ်။

 

Ref: Trump pardons 1,500 people charged with Jan 6 US Capitol riot

 

#PeopleMedia


Share this post