• Follow Us on

Home ကွန်တိန်နာ၊ အလုံပိတ်ယာဉ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုကိုစောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ် အကောင်အထည်ဖော်ရန် နစကဒုဥက္ကဋ္ဌ မှာကြား

ကွန်တိန်နာ၊ အလုံပိတ်ယာဉ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုကိုစောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ် အကောင်အထည်ဖော်ရန် နစကဒုဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဇူလိုင် ၂၈

 

ကွန်တိန်နာ၊ အလုံပိတ်ယာဉ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုကို စောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အစည်း အဝေးတွင် မှာကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်တင်ယာဉ်များ စစ်ဆေးမှု လွယ်ကူ စေရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကုန်တင်လွှာစနစ် စမ်းသပ် အသုံးပြုခဲ့ ကြောင်း၊ စမ်းသပ်ကာလ (၆) လပြည့်ပြီ ဖြစ်သည့်အတွက် ဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် ကုန်သည်လုပ်ငန်း ရှင်များ ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းပြီး သုံးသပ်တင်ပြပေးရန်လိုကြောင်း၊ သို့မှသာ ၎င်းစနစ်ကို ဆက်လုပ်ရန် သင့်/ မသင့် ဆုံးဖြတ်ပေး၍ရမည်ဖြစ်ကြောင်း ပြောသည်။

 

ကွန်တိန်နာ၊ အလုံပိတ်ယာဉ်များနှင့် ကုန်စည် သယ်ယူပို့ဆောင်မှုကို စောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ်ကို အိမ်နီးချင်းနိုင်ငံများတွင် အသုံးပြု နေကြသည်မှာ ကြာပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း E-Lock စနစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ကြရန် တွန်းအားပေး ပြောကြားလိုကြောင်း၊ ပို့ကုန် ကုန်တင်ယာဉ်များကို စစ်ဆေးရာတွင် လွယ်ကူ လျင်မြန်စေရန် QR ကုဒ် စနစ်နှင့် စစ်ဆေးနေကြောင်း၊ QR ကုဒ်တွင်ပါသည့် ပို့ကုန်အမျိုးအစား၊ တန်ချိန်နှင့် ကုန်တင်ယာဉ်ပေါ်တွင် ပါလာသည့် အမျိုးအစား၊ တန်ချိန် ကိုက်ညီရန် လိုကြောင်းကိုလည်း စစ်ဆေးသည့် ဝန်ထမ်းများက အထူးဂရုပြု စစ်ဆေးရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မှာကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ကုန်ပစ္စည်းများစစ်ဆေးရာတွင် Manual စစ်ဆေးခြင်းထက် ICT နည်းပညာ အသုံးပြုသည့်နည်းလမ်း၊ X-ray စက်များနှင့် ရှာဖွေစစ်ဆေးနိုင်လျှင် အချိန်ကုန် သက်သာပြီး တွေ့ရှိ ဖမ်းဆီးမှု ပိုတက်လာနိုင်သလို ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးကိုလည်း အထောက်အကူပြုမည် ဖြစ်သည့်အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများမှာ အသုံးပြုနေသည့် ရှာဖွေတားဆီးစစ်ဆေးခြင်း စနစ်များကိုလည်း လေ့လာပြီး စီမံဆောင်ရွက်ထားသင့်ကြောင်းနှင့် ယခုစစ်ဆေး မှုပုံစံထက် ပိုမိုခေတ်မီစနစ်ကျသည့် အစီအမံရှိပါကလည်း တင်ပြရန်လိုကြောင်း ပြောသည်။

 

#PeopleMedia


Share this post