ကွန်ဟိန်းမြို့နယ်တွင် TOYOTA CROWN ယာဉ်ပေါ်မှ ကျပ် ၁.၃၉၇ ဘီလီယံတန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ
PUBLISHED - May 2, 2024
နေပြည်တော်၊ မေ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်တွင် TOYOTA CROWN ယာဉ်ပေါ်မှ ငွေကျပ် ၁.၃၉၇ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
ဧပြီလ ၂၆ ရက်နေ့ ည ၆ နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ စိုင်းထွန်းလှ မောင်းနှင်ပြီး အိုက်ရီ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်း ဆေးဝါး(Happy Water)အလေးချိန် ၁၂.၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၃၉၇ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းထွန်းလှ(၂၆)နှစ် နှင့် အိုက်ရီ(၄၈)နှစ်တို့အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia