• Follow Us on
Latest News

Home ကွာလာလမ်ပူ-စင်္ကာပူ လေယာဉ်လမ်းကြောင်းဟာ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အလုပ်အများဆုံးလေယာဉ်လမ်း ကြောင်းဖြစ်ကြောင်း OAG ထုတ်ပြန်

ကွာလာလမ်ပူ-စင်္ကာပူ လေယာဉ်လမ်းကြောင်းဟာ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အလုပ်အများဆုံးလေယာဉ်လမ်း ကြောင်းဖြစ်ကြောင်း OAG ထုတ်ပြန်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၂

 

နိုင်ငံတကာလေကြောင်းလမ်းကြောင်းထဲမှာ အလုပ်အများဆုံး လမ်းကြောင်းက ကွာလာလမ်ပူကနေ စင်္ကာပူနိုင် ငံ ချန်ဂီလေဆိပ်ကိုသွားတဲ့လမ်းကြောင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် တစ်လျှောက်လုံး ခရီးသည်ပေါင်း ၄.၉ သန်းကိုတင် ဆောင်သွားလာခဲ့ကြောင်း နိုင်ငံတကာခရီးသွားသတင်းအချက်အလက်တွေထောက်ပံ့ပေးနေတဲ့ OAG ကုမ္ပဏီ (Official Aviation Guide of the Airways) က ပြောကြားလိုက်ပါတယ်။

 

အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာပေါ်မှာ ခရီးသွားလာမှုအများဆုံးလမ်းကြောင်းတွေထဲကို နောက်ထပ်တစ်ကြိမ် ပြန်လည်ရောက်ရှိလာတာဖြစ်ကြောင်း OAG ကုမ္ပဏီရဲ့ ၂၀၂၃ ခုနှစ် လေကြောင်းလိုင်းအစီရင်ခံစာထဲမှာဖော် ပြထားပါတယ်။

 

နိုင်ငံတကာလေကြောင်းလိုင်းမှာ အာရှ-ပစိဖိတ်ဒေသက အဆင့် ၁ ကနေ ၇ အထိ ရယူနိုင်ခဲ့ပြီး ပြည်တွင်းလိုင်း တွေမှာ အဆင့် ၁ ကနေ ၉ အထိ ရရှိခဲ့တယ်လို့ OAG အစီရင်ခံစာမှာဖော်ပြထားပါတယ်။

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကနေ ဆော်ဒီအာရေးဗီးယား ဂျက်ဒတ်ကိုသွားတဲ့လေကြောင်းလိုင်းက ခရီးသည် ၄.၈ သန်းနဲ့ ဒုတိယနေရာကရရှိပြီး အဲဒီပမာဏဟာ ၂၀၁၉ နှစ်က ခရီးသည် ၃.၄ သန်းရရှိခဲ့တဲ့ ပမာဏထက် မြင့် တက်လာခဲ့တာဖြစ်ပါတယ်။

 

ဟောင်ကောင်ကနေ တိုင်ပေသွားတဲ့ လေကြောင်းလိုင်းကတော့ ခရီးသည် ၄.၆ သန်းနဲ့ တတိယနေရာက လိုက် ကြောင်းသိရပါတယ်။

 

“အာရှတိုက်ဟာ ကမ္ဘာလှည့်ခရီးသွားတွေစိတ်ဝင်စားတဲ့နေရာတစ်ခုအဖြစ် ထင်ရှားတာကြောင့် ကမ္ဘာပေါ်မှာ လေကြောင်းခရီးသွားလာမှုအများဆုံးလမ်းကြောင်းတွေကို ဆက်လက်ရယူပိုင်ဆိုင်ထားပါတယ်။ ၂၀၁၉ ခုနှစ် က စွမ်းရည်ကိုပြန်လည်ရောက်ရှိမသွားပေမဲ့ လန်ဒန်ဟိသရိုးလေဆိပ်ကလည်း နိုင်ငံတကာအလုပ်အများဆုံး လေဆိပ်ထဲမှာ အဓိကလေဆိပ်နေရာက ဆက်လက်ပါဝင်နေဆဲဖြစ်ပါတယ်။” လို့ OAG ကုမ္ပဏီရဲ့ ဆန်းစစ်လေ့ လာရေးမှူးချုပ် ဂျွန်ဂရန့်က ပြောပါတယ်။

 

နိုင်ငံတကာအလုပ်အများဆုံးလေဆိပ်ထဲမှာတော့ အမေရိကန်ပြည်ထောင်စုက အတ္တလန်တာဟက်စ်ဖီးလ်ဒ်-ဂျက်ဆန် နိုင်ငံတကာလေဆိပ်က ပထမ၊ ဒူဘိုင်းနိုင်ငံတကာလေဆိပ်က ဒုတိယနဲ့ လန်ဒန်ဟိသရိုးလေဆိပ်က အခုနှစ်မှာ ခရီးသည် အဝင်အထွက် ၄၉,၃၇၀,၈၅၉ ဦးနဲ့ စတုတ္ထနေရာက ရရှိထားပါတယ်။

 

ပြည်တွင်းလေကြောင်းလိုင်းတွေထဲမှာတော့ အမေရိကန်ပြည်ထောင်စုက ဟိုနိုလူလူ-ကာဟူလွိုင်က အလုပ်အ များဆုံးလိုင်းဖြစ်သလို တရုတ်နိုင်ငံက ဘေဂျင်း-ရှန်ဟိုင်း ခရီးစဉ်ကလည်း အလုပ်အများဆုံးလိုင်းအဖြစ်ဦး ဆောင်နေပါတယ်။

 

အခုဆန်းစစ်လေ့လာမှုတွေကို OAG ကုမ္ပဏီရဲ့ နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်အချက်အလက်တွေက ထောက်ပံံ့ပေးထားတာဖြစ်ပါတယ်။ OAG ကုမ္ပဏီရဲ့ ရုံးချုပ်ဟာ ဗြိတိန်နိုင်ငံမှာရှိပြီး အမေရိကန်၊ စင်္ကာပူ၊ ဂျပန်၊ တရုတ်နဲ့ လစ်သူယေးနီးယားနိုင်ငံ တို့မှာလည်း ရုံးခွဲတွေထားရှိပါတယ်။

 

Ref: KL – Singapore Changi route is world’s busiest in air travel – OAG report

 

#PeopleMedia


Share this post