ကျွန်းလှမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါ လျော့နည်းကျဆင်းစေရန် ဒေသန္တရအမိန့်ထုတ်ပြန်

PUBLISHED - September 15, 2021
မုံရွာ၊ စက်တင်ဘာ ၁၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါ လျော့နည်းကျဆင်းစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာလ ၁၄ ရက်နေ့က ဒေသန္တရအမိန့်ထုတ်ပြန်လိုက် ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်ထဲတွင် ကျွန်းလှမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် နံနက် ၅ နာရီမှ ၁၁ နာရီအထိ ဈေးဝယ်ခွင့်ပြုသွားမည်ဖြစ်ပြီး ကျန်အချိန်များတွင် တာဝန်နှင့် နာရေးမှအပ ခိုင်လုံသော အကြောင်းပြချက်မရှိ ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ ဆေးဝါးပစ္စည်းဆိုင်များမှအပ အခြေခံစားသောက် ကုန်ပစ္စည်းဆိုင်များအနေဖြင့် နံနက် ၅ နာရီမှ ၁၁ နာရီအချိန်ထိသာ ဖွင့်လှစ်ရောင်းချသွားရန်နှင့် ကျန်ဆိုင်အား လုံး ပိတ်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်အား ဖောက်ဖျက်ကျူးလွန်ပါက (ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ် နှင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ)ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသန္တရအမိန့်ကြေညာချက်သည် ထုတ်ပြန်သည့်နေမှစ၍ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အတည် ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်နေ့အထိ စာရင်းအရ ကိုဗစ်အတည်ပြုလူနာ ၁၁၇၄ ဦးရှိပြီး ကျန်း မာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၁၀၂၅ ဦးနှင့် သေဆုံးသူ ၁၅ ဦးရှိကာ ဆေးရုံတက်ရောက်သူ ၁၃၄ ဦးရှိကြောင်း မြို့နယ်ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
#PeopleMedia #ကျွန်းလှမြို့ #COVID19
(unicode)
………………………………………………………………………