ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံ ရွာသားသုံးဦး တူမီးသေနတ်ဖြင့် ပစ်သတ်ခံထားရ

PUBLISHED - November 26, 2021
“ရွာသစ်ကုန်းကျေးရွာ အောင်မြေရတနာ ဘုန်းကြီးကျောင်း မီးလောင်နေပြီ။ မုန့်ဟင်းခါးတွေ ပါနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး Page ထုတ်ပြန်ခဲ့”
စစ်ကိုင်း၊ နိုဝင်ဘာ ၂၆ (People Media)
နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ရွာ သစ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံ ရွာသားသုံးဦး တူမီးသေနက်ဖြင့် ပစ်သတ်ခံထားရတယ်လို့ ဒေသခံအချို့က People Media သို့ ဆက်သွယ်ပြောဆိုပါတယ်။
“ဘုန်းကြီးကျောင်းအဆောက်အဦးကို မီးရှို့သွားတယ်။ တိုက်ကျောင်းက မီးမလောင်လိုက်ဘူး။ ဘုန်းတော်ကြီး ကျောင်းမှာ ရှိနေတဲ့ ရွာသားသုံးဦးကို တူမီးနဲ့ ပစ်သတ်သွားတာ”လို့ ဒေသခံအချို့က ပြောပါတယ်။
ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရမှုနှင့်ပတ်သက်ပြီး ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက “ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာ အောင်မြေရတနာ ဘုန်းကြီးကျောင်း မီးလောင် နေပြီ။ မုန့်ဟင်းခါးတွေ ပါနိုင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ထိုနောက် အဆိုပါရေးသားမှုကို ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး Page က ပြန်လည် ဖြုတ်ချသွားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၌ တပ်မတော်သတင်းပေးဟု ယူဆခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဆရာတော်များ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သလို PDF များ အားကောင်းသည့် တိုင်းဒေသ ကြီးတစ်ခုဖြစ်ပါတယ်။
#PeopleMedia #ခင်ဦးမြို့နယ်
(unicode)
……………………………………………………