ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာ တိုက်ပွဲ၌ PDF အဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး အချို့မှာ ပျောက်ဆုံးနေကြောင်း ခင်ဦး PDF အဖွဲ့ ထုတ်ပြန်

PUBLISHED - January 26, 2022
စစ်ကိုင်း၊ ဇန်နဝါရီ ၂၆ (People Media)
ဇန်နဝါရီ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာ တိုက်ပွဲ၌ PDF အဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး အချို့မှာ ပျောက်ဆုံးနေကြောင်း ခင်ဦး PDF အဖွဲ့ ထုတ်ပြန်ထားသည်။
ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာအနီးရှိ PDF စခန်းကို လုံခြုံရေးအဖွဲ့များက ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ဝင်ရောက်စီးနင်းရာ PDF အဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပြီး PDF ပိုင်ဆိုင်သည့် လက်လုပ်သေနတ်များ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးအဖွဲ့များက မီးရှို့ဖျက်ဆီးလိုက်သည်။
လက်ရှိအချိန်၌ ခင်ဦးမြို့နယ်စခန်းရှိ PDF စခန်းများကို လုံခြုံရေးအဖွဲ့များက ရှင်းလင်းလျက်ရှိနေခြင်းကြောင့် PDF အဖွဲ့ဝင်များ ကျဆုံးလျက်ရှိနေကြောင်း ဆိုသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ခင်ဦး PDF အဖွဲ့ဝင်များသည် ကုန်တင်ယာဉ်များကို စစ်ဆေးခြင်း၊ ခရီး သည်ယာဉ်များကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
#PeopleMedia #ခင်ဦးမြို့ #သရက်ကန်ကျေးရွာ
(unicode)
………………………………………………………