ခင်ဦးမြို့နယ်၊ ရွှေယမင်းကျေးရွာအနီးရှိ PDF စခန်း ရှင်းလင်းခံရ

PUBLISHED - January 26, 2022
စစ်ကိုင်း၊ ဇန်နဝါရီ ၂၆ (People Media)
ယနေ့ နံနက် ၆ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွှေယမင်းကျေးရွာအနီးရှိ PDF စခန်း ရှင်းလင်းခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၆ နာရီအချိန်က ခင်ဦးမြို့နယ်၊ ရွှေယမင်းကျေးရွာအနီးရှိ PDF စခန်းကို လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ PDF အဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့သည်။
အဆိုပါ နှစ်ဘက်ပစ်ခတ်မှုအတွင်း၌ PDF အဖွဲ့ပိုင်ဆိုင်သည့် လက်လုပ် RPG ၁ လက်၊ လက်ဆွဲမီးစက် တစ်လုံးနှင့် အခြားသော ဆက်စပ်ပစ္စည်းများကို လုံခြုံရေးအဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်။
လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းရှိ PDF လှုပ်ရှားနေရာများကို လုံခြုံရေးအဖွဲ့များက ရှင်းလင်းလျက်ရှိမှုကြောင့် PDF အဖွဲ့ဝင်များ ကျဆုံး ဒဏ်ရာရရှိလျက်ရှိသည်။
#PeopleMedia #ခင်ဦးမြို့
(unicode)
……………………………………………………