ခင်ဦးမြို့နယ်၌ ကျေးရွာသား နှစ်ဦးအသတ်ခံရ၊ အဆိုပါဖြစ်စဉ်သည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း တောကြီး မြွေဟောက်အဖွဲ့ ထုတ်ပြန်

PUBLISHED - September 17, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၇ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ လက်ပံကြီးကျေးရွာနှင့် ကံသစ်ကျေးရွာတို့မှ အမျိုးသားနှစ်ဦးသည် မနေ့ က အသတ်ခံခဲ့ရပြီး အဆိုပါဖြစ်စဉ်သည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း တောကြီးမြွေဟောက်အဖွဲ့- ခင်ဦးမှ ထုတ်ပြန်ပါတယ်။
အသက်ခံရသည့် အမျိုးသားနှစ်ဦးသည် တပ်မတော်နှင့် ပျူစောထီးများကို သတင်းပေးသူဖြစ်တယ်လို့ တော ကြီးမြွေဟောက်အဖွဲ့-ခင်ဦးရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ခင်ဦးမြို့နယ်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာအား ရယူသည့် ခုနှစ်လအတွင်း ခင်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာသားစသည့် ပြည်သူ ၂၂ ဦးအထိ လုပ်ကြံသတ်ဖြတ်ခြင်းခံ ထားရပါတယ်။
#PeopleMedia #ခင်ဦး
(unicode)
……………………………………………………………………