ခင်ဦးမြို့နယ်၊ တမုတ်ကျေးရွာ၌ အပြစ်မဲ့ပြည်သူတစ်ဦးအား PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်

PUBLISHED - February 25, 2022
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဈေးသည်တစ်ဦးအား ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခြင်းခံရကြောင်း သိရပါတယ်။
သေဆုံးသူသည် ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာနေ ဦးချစ်အောင်သည် မုတ်ကျေးရွာတွင် လှည့်လည်ဈေး ရောင်းချ၍ အပြန်တွင် အဆိုပါ ကျေးရွာ၏အထွက်၌ ဖမ်းဆီးခေါ်ဆောင်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။
“အခုအသတ်ခံရတဲ့သူက ဆိုင်ကယ်နဲ့ ရွာတွေမှာ ဈေးလိုက်ရောင်းတဲ့သူပါ။ အရင်ထဲက အဲ့ဒီမှာ တစ်ယောက် အသတ်ခံရတာရှိတယ်။ ဒါက ဒုတိယအကြိမ် အသတ်ခံရတာ။” ဟု ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိ နိုင်ငံမတည်မငြိမ်မှုဖြစ်စဉ်ဖြစ်ပွားနေသည့်ကာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အပါ အဝင်မြို့နယ်တချို့၌ အရပ်သားပြည်သူများကို လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်နေလျက်ရှိပါတယ်။
#PeopleMedia #ခင်ဦး #ဈေးသည် #လုပ်ကြံသတ်ဖြတ်မှု
(unicode)
………………………………………………………………..