ခင်ဦးမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သတ်ဖြတ်ခံရ

PUBLISHED - September 29, 2021
မုံရွာ၊ စက်တင်ဘာ ၂၉ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ သရက်ပင်စုကျေးရွာ၌ နေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဖြစ်သူသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။
ဖြစ်စဉ်မှာ သရက်ပင်စုကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဝင်းသူရကို စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီး အဆိုပါလက်ချက်သည် မိမိတို့လက်ချက်ဖြစ်ကြောင်း ခင်ဦးမြို့နယ် PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ခင်ဦး PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ပျူစောထီးခေါင်းဆောင် ဝင်းသူရအား ရွာသစ်ကုန်းရွာနှင့် အင်တိုင်ရွာအကြားတွင် သေနတ် ၃ ချက်ပစ်ပြီး ငရဲသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေးသား ထားသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာတွင် နေထိုင်သည့် ကုလား(ခ)ရဲဒင်ကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ကြောင်း သန်လျင်မြေအောက် ပျောက်ကြားအဖွဲ့မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
Photo – USDP
#PeopleMedia #ခင်ဦး #PDF
(unicode)
…………………………………………………………………
Photo – USDP