ခင်ဦးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အမျိုးသားတစ်ဦး လုပ်ကြံခံရ

PUBLISHED - September 23, 2021
မုံရွာ၊ စက်တင်ဘာ ၂၃ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းကြီးကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အမျိုး သားတစ်ဦး အသတ်ခံရသည်။
ဖြစ်စဉ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း အသက် ၄၇ နှစ်နှင့် ဦးကျော်သိန်း အသက် ၅၀ နှစ်တို့သည် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ခင်ဦး-သင်းပေါင်းကားလမ်းပေါ်ရှိ ကုန်းကြီးကျေးရွာနှင့် ပေါက်အိုင်ကျေးရွာအကြားတွင် လုပ်ကြံခံရခြင်း ဖြစ်သည်။
ထို့အပြင် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး)အဖွဲ့မှ ၎င်းတို့ ပြုလုပ်ခြင်းဖြစ်ပြီး ၂၆ ယောက်မြောက် ဒလန်ဖြစ်သူများကို သုတ်သင်ရှင်းလင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်၊ ကျေးရွာအများအပြားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တပ်မတော်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပါတီဝန်းရံထောက်ခံသူများ၊ အစိုးရဝန်ထမ်း အများ အပြားသည် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနေရလျက်ရှိသည်။
#PeopleMedia #စစ်ကိုင်းတိုင်း #ခင်ဦးမြို့
(unicode)
………………………………………………………….