ခင်ဦးတွင် PDF အဖွဲ့ဝင်တစ်ဦး၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ PDF အမျိုးသမီးတစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
PUBLISHED - August 18, 2023
နေပြည်တော်၊ သြဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ PDF အဖွဲ့ဝင် မျိုးကျော်၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်စစ်ဆေးရာ PDF အမျိုးသမီးတစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ (၁၈)ရက် နံနက် (၂)နာရီ (၁၀)မိနစ်ခန့်က မြကန်သာရပ်ကွက်ရှိ မျိုးကျော်၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စစ်ဆေးခဲ့ရာ PDF အဖွဲ့ဝင်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး (၂) နာရီ (၃၅) မိနစ်တွင် မျိုးကျော်ပါ PDF အဖွဲ့ဝင် (၄) ဦးသည် ခင်ဦးမြို့၏ မြောက်ဘက် (၂) မိုင်ခန့်အကွာရှိ ဘိုးဖောင်ဘုရားဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ PDF အဖွဲ့ဝင် မျိုးကျော်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ တွင် ခင်ဦးမြို့၊ မြကန်သာရပ်ကွက်တွင် နေထိုင်သည့် PDF အဖွဲ့ဝင် သီတာဦးအား ဖမ်းဆီးရမိခဲ့ပြီး လက် နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများမှာ အမျိုးအစား(စိစစ်ဆဲ) စနိုက်ပါ ၁ လက်၊ စနိုက်ပါကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅ တောင့်၊ M4 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ M4 ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၂၀ တောင့်၊ KA မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၆ တောင့်၊ လက်လုပ်သေနတ်အရှည် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ပလပ်ခေါင်း ၅၇ ခု၊ ဖျူးစ် ၁၀၀ ခု၊ မိုင်းပြုလုပ်ရာ တွင် အသုံးပြုသည့် သံဖြတ်စက် ၈ လုံး၊ ခဲဂေါက် ၂ ချောင်း၊ NLD တံဆိပ်ပါ နဖူးစည်း ၁ ခုတို့ ဖြစ်ကြောင်း သိရသည်။
#PeopleMedia