ခင်ဦးမြို့နယ်တွင် PDF ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် လယ်ထွန်နေသည့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရ

PUBLISHED - July 28, 2023
နေပြည်တော်၊ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာတွင် PDFထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လယ်ထွန်နေသည့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၆ ရက် နံနက် ၇ နာရီခွဲအချိန်တွင် ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာနေ ဦးမြင့်တင် (၅၈)နှစ်သည် သမီးဖြစ်သူ ဒေါ်ဇာဇာ (၃၅)နှစ်နှင့်အတူ ၎င်းတို့ပိုင် လယ်မြေအတွင်း ထွန်ယက်ခြင်းများဆောင်ရွက်နေစဉ် လယ်မြေအတွင်း PDFများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေါ် ဇာဇာတွင် လည်ပင်း၊ နောက်ကျော၊ ဝဲ/ယာလက်နှင့် ခြေထောက်တို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia