• Follow Us on

Home ခင်ဦးမြို့နယ်ရှိ NUG အချုပ်ထောင်ကို လုံခြုံရေးအဖွဲ့များ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခံရ ၂၀ ကျော်ကို ကယ် တင်နိုင်၊ PDF ၇ ဦး အရှင်မိ

ခင်ဦးမြို့နယ်ရှိ NUG အချုပ်ထောင်ကို လုံခြုံရေးအဖွဲ့များ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခံရ ၂၀ ကျော်ကို ကယ် တင်နိုင်၊ PDF ၇ ဦး အရှင်မိ

Share this post

မုံရွာ၊ သြဂုတ် ၉

 

ယနေ့ နံနက် ၃း၃၀ အချိန်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ NUG အချုပ်ထောင်ကို လုံခြုံရေး အဖွဲ့များ ဝင်ရောက်စီးနင်းရာ ပြည်သူ ၂၀ ကျော်ကို ကယ်တင်နိုင်ခဲ့သလို PDF ၇ ဦးကိုလည်း အရှင် ဖမ်းဆီး နိုင်ခဲ့သည်။

 

“သြဂုတ်လ ၄ ရက်နေ့က ခင်ဦးမြို့နယ်၊ ဘုတ်ကုန်းကျေးရွာက တောင်သူ ၂၁ ဦးကို PDF က ဝင်ဖမ်းသွားတာ။ ဖမ်းဆီးသွားတဲ့ ဘုတ်ကုန်း ပြည်သူ့စစ်ရွာက တောင်သူတွေကို ရွာသန်းရွာရှိ NUG အချုပ်ထောင်မှာ ချုပ်ထား တာ။ မနက်က ဝင်ရှင်းတော့ အကုန် အသက်ရှင်လျက်ကယ်နိုင်တယ်။ အကြမ်းဖက် ၇ ဦးကိုလည်း အရှင် ဖမ်းဆီးထားနိုင်တယ်” လို့ နီးစပ်သူတစ်ဦးက People Media ကို ပြောဆိုသည်။

 

သြဂုတ်လ ၄ ရက်နေ့က PDF အဖွဲ့များသည် ဘုတ်ကုန်းကျေးရွာသားများပိုင်သည့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး ရာနဲ့ချီ ကို အကြမ်းဖက် ယူဆောင်သွားသလို ဒေသခံပြည်သူ ၂၁ ဦးကိုလည်း ဖမ်းဆီးသွားခြင်း ဖြစ်သည်။

 

#Peoplemedia


Share this post