• Follow Us on
Latest News

Home ခန္တီမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု ၁၈၈ စုတို့ကို ရေဘေးကင်းလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ခန္တီမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု ၁၈၈ စုတို့ကို ရေဘေးကင်းလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

Share this post

နေပြည်တော်၊ ဇူလိုင် ၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦးတို့ကို ရေဘေးကင်းလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးပြီး သောက်ရေသန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီ မီတာဖြစ်ပြီး ယမန်နေ့တွင် ၁၅၃၅ စင်တီမီတာအထိ မြင့် တက်လာသဖြင့် စိုးရိမ်ရေ အမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီမြို့နယ်အတွင်းရှိ မြို့မ ရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ အောင်သာယာကျေးရွာနှင့် ဆင်သေ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦးတို့ကို နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများက ရေဘေးကင်းလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သောက် ရေသန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းနှင့် လိုအပ်သည့်ကူညီ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post