• Follow Us on
Latest News

Home ခမည်းခမက်ဖြစ်သူကို ပြင်သစ်သံအမတ်အဖြစ် ခန့်အပ်ဖို့ ထရမ့်အမည်စာရင်းတင်သွင်း

ခမည်းခမက်ဖြစ်သူကို ပြင်သစ်သံအမတ်အဖြစ် ခန့်အပ်ဖို့ ထရမ့်အမည်စာရင်းတင်သွင်း

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂

 

ရွေးကောက်ပွဲနိုင်အကြိုသမ္မတဒေါ်နယ်ထရမ့်က ၎င်းရဲ့ ခမည်းခမက်ဖြစ်သူ ချားစ်ကက်ရှ်နာကို အမေရိကန်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်အဖြစ် ရွေးချယ်လိုက်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့ (စနေနေ့) က ကြေညာလိုက်ပါတယ်။

 

အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီးဖြစ်တဲ့ မစ္စတာကက်ရှ်နာဟာ ထရမ့်ရဲ့သမီး အီဗန်ကာထရမ့်ရဲ့ ခင်ပွန်း ဂျားရပ်ကက်ရှ် နာရဲ့ ဖခင်ဖြစ်ပါတယ်။

 

ထရမ့်ဟာ ၎င်း သမ္မတသက်တမ်း ပထမအကြိမ် ၂၀၂၀ ပြည့်နှစ်တုန်းက မစ္စတာကက်ရှ်နာကို တရားစွဲဆိုထားတဲ့ အမှု တစ်ခုက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

 

“မစ္စတာကက်ရှ်နာဟာ ကျွန်တော်တို့ တိုင်းပြည်နဲ့ အကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကိုယ်စားပြု ဆောင်ရွက်သွားမယ့် အင်မတန်တော်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို ဆင်းရဲသားတွေ အတွက် ငွေကြေးလှူဒါန်းနေသူဖြစ်ပြီး စီးပွားရေး မှာရော နိုင်ငံရေးမှာပါ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။” လို့ ထရမ့်က ၎င်းရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးသား ထားပါတယ်။

 

သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီးနောက် ဆွေမျိုးသားချင်းတစ်ယောက်ကို တရားဝင်ကမ်းလှမ်းပြီး အစိုးရအဖွဲ့ဝင်အဖြစ် ထရမ့်က အမည်စာရင်းတင်သွင်းလိုက်တာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

 

စနေနေ့မှာပဲ ထရမ့်ဟာ FBI (ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို) ကို မကြာခဏ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ကာ ရှာပက်တဲလ်ကို FBI အကြီးအကဲအဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

 

ဖလော်ရီဒါပြည်နယ်၊ ဟေးစ်ဘရပ်ဂျ်ကောင်တီရဲ့ ငြိမ်ဝပ်ပိပြားရေးအရာရှိ ချဒ်ခရောစ်စတားကိုတော့ မူးယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့ (Drug Enforcement Agency) ရဲ့ အကြီးအကဲအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

 

အကြိုသမ္မတရွေးချယ်ထားတဲ့ ရာထူးအသီးသီးနဲ့ သံအမတ်ခန့်အပ်မှုတွေအတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲမှာ မဲစနစ်နဲ့ အတည်ပြုထောက်ခံပေးရမှာဖြစ်ပါတယ်။

 

မစ္စတာကက်ရှ်နာရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး သံအမတ်ရာထူးခန့်အပ်သင့်/မခန့်အပ် သင့် အတည် ပြုဆုံးဖြတ်မယ့် ကြားနာစစ်ဆေးပွဲ လုပ်မလုပ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

 

မစ္စတာကက်ရှ်နာဟာ အခွန်ရှောင်မှု၊ မဲဆွယ်ပွဲဘဏ္ဍာရေးမသမာမှု၊ မျက်မြင်သက်သေကို သြဇာလွှမ်းမိုးဖို့ ကြိုးစားမှုတို့ ကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြိး ၂၀၀၅ ခုနှစ်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။

 

တရားရုံးမှာတင်ပြခဲ့တဲ့အထောက်အထားတွေထဲမှာ ၎င်းကိုတရားစွဲဆိုဖို့အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင် ရွက်ခဲ့တဲ့ ယောက်ဖဖြစ်သူကို မစ္စတာကက်ရှ်နာက ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း အစိုးရရှေ့နေတွေကပြောပါတယ်။

 

မစ္စတာကက်ရှ်နာဟာ ယောက်ဖဖြစ်သူအတွက် ပြည့်တန်ဆာတစ်ဦးကို ငှားရမ်းပြီး ၎င်းတို့အတွဲရဲ့ ဗီဒီယိုဖိုင်ကို ၎င်းရဲ့ ဇနီးဖြစ်သူ (ကက်ရှ်နာရဲ့ညီမ) ထံ ပေးပို့ပြီး ယောက်ဖဖြစ်သူကို ခြိမ်းခြောက်ဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: Trump chooses Jared Kushner’s father for ambassador to France

 

#PeopleMedia


Share this post