ခမ်းပတ်မြို့နဲ့ ကနန်ရွာရှိ ABSDF/NUG စခန်းကို တပ်မတော်မှ ဗုံးကြဲရှင်းလင်း၊ စစ်သွေးကြွတွေ ထိခိုက်သေဆုံးမှု များပြား

PUBLISHED - January 17, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာရှိ ABSDF/NUG စခန်းကို တပ်မတော်မှ ဗုံးကြဲရှင်းလင်းခဲ့ရာ စစ်သွေးကြွအဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။
ဇန်နဝါရီ (၁၆)ရက် ည (၈)နာရီခွဲဝန်းကျင်က ခမ်းပတ်မြို့နှင့် ခမ်းပတ်မြို့ မြောက်ဘက်ကပ်လျက်ရှိ ကနန်ကျေးရွာရှိ ABSDF/NUG စခန်းကို တပ်မတော်မှ ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွအဖွဲ့ဝင်များ နေထိုင်သည့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး စစ်သွေးကြွအဖွဲ့ဝင်များလည်း အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
#PeopleMedia