• Follow Us on

Home ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာခရစ်ယာန်ဘုရားရှိခိုးကျောင်းကို တပ်မတော်ကလေယာဉ်ဖြင့် ဗုံးကျဲသည်ဆို သည်မှာ သတင်းအမှားသာဖြစ်

ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာခရစ်ယာန်ဘုရားရှိခိုးကျောင်းကို တပ်မတော်ကလေယာဉ်ဖြင့် ဗုံးကျဲသည်ဆို သည်မှာ သတင်းအမှားသာဖြစ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ကနန်းစံပြကျေးရွာ၊ အမှတ် ၅ ရပ် ကွက်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး သည်ဟု သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါနေ့ နံနက်ပိုင်းတွင် လေကြောင်းပျံသန်းမှုမရှိကြောင်း သိရှိရပြီး တပ်မှ ဗုံးကျဲသည်ဆိုသည်မှာ သတင်းအမှားသာ ဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများသည် သတင်းတု သတင်းမှားများကို အချိန်နှင့် တစ်ပြေးညီရေးသား ဖြန့်ဝေလျက်ရှိပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဝါဒဖြန့်လှုံဆော်မှုများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia


Share this post