• Follow Us on

Home ခမ်းပါတ်မြို့ရှိ စစ်သွေးကြွစခန်းကို တပ်မတော်မှ လေကြောင်းဖြင့် တတိယအကြိမ် ထပ်မံရှင်းလင်း

ခမ်းပါတ်မြို့ရှိ စစ်သွေးကြွစခန်းကို တပ်မတော်မှ လေကြောင်းဖြင့် တတိယအကြိမ် ထပ်မံရှင်းလင်း

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ရှိ စစ်သွေးကြွ စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် တတိယအကြိမ် ထပ်မံရှင်းလင်းလိုက်ကြောင်း သိရသည်။

 

ဇန်နဝါရီလ (၂၁)ရက် ညနေပိုင်းက ခမ်းပါတ်မြို့ရှိ စစ်သွေးကြွစခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းခဲ့သည်။

 

ယင်းသို့ ရှင်းလင်းမှုကြောင့် စစ်သွေးကြွ အဖွဲ့ဝင်များ၏ စခန်း ထိခိုက်ပျက်စီးသွားပြီး စစ်သွေးကြွ အဖွဲ့ဝင် အများအပြား သေဆုံးသွားကြောင်း သိရသည်။

 

တပ်မတော်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၆)ရက်နှင့်  (၂၀)ရက်တို့တွင်လည်း ခမ်းပါတ်မြို့နှင့် ခမ်းပါတ်မြို့ အနီးတဝိုက်ရှိ စစ်သွေးကြွစခန်းများကို လေကြောင်းဖြင့် ရှင်းလင်းခဲ့ရာ စစ်သွေးကြွ အဖွဲ့ဝင်အများအပြား သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားခဲ့သည်။

 

#PeopleMedia


Share this post