ခမ်းပါတ်မြို့ PDF တပ်ရင်း ၃ မှ တပ်ရင်းမှူးအပါအဝင် PDF တပ်ဖွဲ့လေးယောက်ကို လုံခြုံရေးအဖွဲ့က ဖမ်းမိ၊ တပ်ရင်းမှူး ပြန်မလွှတ်လျှင် ခမ်းပါတ်မြို့ကို ယနေ့ည မီးတင်ရှို့မယ်လို့ PDF တွေ ကြွေးကြော်

PUBLISHED - July 21, 2023
People Media ၊ ဇူလိုင် ၂၁
ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ ခမ်းပါတ်ချောင်းအနီးမှ ခမ်းပါတ်မြို့ PDF တပ်ရင်း ၃ မှ တပ်ရင်းမှူးအပါအဝင် PDF တပ်ဖွဲ့ဝင် လေးယောက်ကို ရဲနှင့် ပြည်သူ့စစ်က ဇူလိုင်လ ၂၀ ရက်နေ့က ဖမ်း ဆီးနိုင်ခဲ့သည်။
လက်ရှိအချိန်၌ ခမ်းပါတ်မြို့ PDF အဖွဲ့က PDF တပ်ရင်းမှူး ပြန်လွှတ်ပေးရန် တောင်းဆိုနေပြီး ပြန်မလွှတ်လျှင် ယနေ့ည ခမ်းပါတ်မြို့ကို မီးတိုက်မယ်လို့ ကြွေးကြော်ထားသည်။
“ခမ်းပါတ်မြို့အနီးမှာ ရဲစခန်းအနီးရွာတွေက PDF စိုးမိုးတဲ့ရွာတွေပါ။ ဒီညတိုက်နိုင်တယ်။” လို့ မြို့ခံတစ်ဦးက People Media ကို ပြောဆိုသည်။
ထို့ကြောင့် ခမ်းပါတ်မြို့ လုံခြုံရေးအတွက် တိုးမြှင့်ပေးရန် ဒေသခံများက နိုင်ငံတော်ဝန်ကြီးချုပ်ထံ တောင်းဆို နေသည်။
#Peoplemedia